ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူတွေ စိတ်ဖိစီးမှုခံစားရတဲ့အခါ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ပြောပြထားတဲ့ ကာတွန်းစာအုပ်လေးဖြစ်ပါတယ်။
ဖွားဖွားမေချိုဟာ မြေး သီဟအပေါ်မှာသာမက အိမ်နီးချင်း ကလေးတွေ၊ သီဟရဲ့ သူငယ်ချင်းတွေအပေါ်မှာပါ မေတ္တာပေးနိုင်သူတစ်ဦးပါ။
အေးချမ်းစွာ နေလေ့ရှိတဲ့ ဖွားဖွားမေချိုဟာ တစ်ချိန်မှာတော့ ကျန်းမာရေးထိခိုက်လောက်တဲ့အထိ စိတ်ကို ဖိစီးစေတဲ့ အကြောင်းလေးတစ်ခု ရှိလာခဲ့ပါတယ်တဲ့။
👉 ဘယ်လို အကြောင်းအရာက အုပ်ထိန်းသူ ဖွားဖွားကို စိတ်ဖိစီးလာစေသလဲ ❓ အဲဒီစိတ်ဖိစီးမှုကို ဖွားဖွားမေချို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ❓ ဆိုတာတွေကို ‘ရင်ဖွင့်မယ်’ ကာတွန်းစီးရီး အပိုင်း (၇) ‘ဖွားဖွားမေချိုနှင့် စိတ်ဖိစီးမှုကို လွန်မြောက်ခြင်း’ မှာ ဖတ်ရှုနိုင်ပါတယ် 😊
We want to hear from you.